၂၀၂၁ဖေဖော်ဝါရီ မြန်မာနိုင်ငံ စစ်အာဏာသိမ်းကတည်းကစစ်အစိုးရသည် နိုင်ငံကို လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးကြီးဆီသို့ ပိုမိုတွန်းပို့နေခဲ့သည်။ စစ်အစိုးရက အုပ်ချုပ်မှု အဓွန့်ရှည်အောင် ကြိုးပမ်းသည်နှင့်အမျှ ဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုများက အၡိန်ပိုမိုပြင်းလာခဲ့သည်။ ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီတွင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲများမှာစစ်တပ်အုပ်ချုပ်သည့်နိုင်ငံကိုတရားဝင်စေရန်နှင့် အရပ်သားဒီမိုကရေစီအုပ်ချုပ်မှုပြန်လည်ထူထောင်ရေးကိုတားဆီးရန်ဗြောင်ကျကျ ကြိုးပမ်းထားခြင်းဖြစ်သည်။စစ်ကောင်စီသည် တရုတ်နှင့်ရုရှားမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှုများဖြင့် လေကြောင်းတိုက်ခိုက်မှုများပိုမိုတိုးမြှင့်ခြင်းအပါအဝင်အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများကိုတရားမဝင်တိုက်ခိုက်မှုများပြုလုပ်ပြီး တစ်နေ့တခြားပိုမိုကြီးထွားလာသည့်လက်နက်ကိုင်တော်လှန်ရေးကိုတုန့်ပြန်သည်။ သန်းပေါင်းများစွာသော ပြည်သူများမှာ ပြည်တွင်းနှင့် နယ်စပ်ဒေများကို ဖြတ်ကျော်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ဆယ်စုနှစ်များစွာ ပြစ်ဒဏ်ပေးခံရခြင်းမရှိဘဲ ကျူးလွန်ခဲ့ခြင်းကြောင့်စစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများသည် ပိုမိုဆိုးရွားလာနေခဲ့သည်။

Myanmar country map

News